အသင်း၏ဆောင်ရွက်ချက်များ

မြန်မာ–ကမ္ဘောဒီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ Global Entrepreneurs 1% ၏ ဖိတ်ကြားချက်အရ UMBEEA အသင်းကြီး နှင့် MOU လက်မှတ်ရေးထိုးသည့် အခမ်းအနားကို 30-6-2026 နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ မြို့တော် ဖနွမ်းပင်တွင် ကျင်းပပြုလုပ်ရာ UMBEEA ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ကမ္ဘောဒီးယားနိုင်ငံရှိ Global Entrepreneurs 1% Club Myanmar ၏ His Excellency _ Mr. Sarath Ying _(Secretary of State and Advisor to the Royal Government of Cambodia)မှ MOU လက်မှတ်ရေးထိုးရန် ကမ်းလှမ်းမှုအရ UMBEEA (The Union of Myanmar Bamar Ethnic Entrepreneurs Association) ၏ ဒုတိယဥက္ကဌ ဒေါ်ခင်ချောစုဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အထူးဧည့်သည်တော်များအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Morgan Tower တွင် ကျင်းပပြုလုပ်သည့် Global Fortune 500 CEOs Cambodia – Asia Pacific 2026 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအတွင်း မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ 🇲🇲🇰🇭 (MOU) ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

ထို့အပြင် Mr. Vuthea Heang, President, (Central Office)နှင့် 🇰🇭 ကမ္ဘောဒီးယား အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌတို့နှင့်လည်း မိတ်ဆက်တွေ့ဆုံခွင့် ရခဲ့ပါသည်။

🇰🇭 ကမ္ဘောဒီးယား နိုင်ငံအနေဖြင့်လည်း UMBEEA နှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များ၊ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံလုပ်ငန်းရှင်များအတွက် အကျိုးရှိမည့် အခွင့်အလမ်းများကို ရင်းရင်းနှီးနှီး ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ယခု MOU သည် 🇲🇲🇰🇭 နှစ်နိုင်ငံ စီးပွားရေးအသိုက်အဝန်းများအကြား ယုံကြည်မှု၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များအတွက် နိုင်ငံတကာစီးပွားရေးကွန်ရက်များနှင့် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ပိုမိုဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါသည်။

တွဲလက်မြဲစေ…
UMBEEA

Memorandum of Understanding (MOU) Signing Ceremony between UMBEEA and Cambodia’s Global Entrepreneurs 1% to Strengthen Myanmar–Cambodia Economic Cooperation
To enhance economic cooperation between Myanmar and Cambodia, the MOU signing ceremony between the UMBEEA Association and Cambodia’s Global Entrepreneurs 1%—held upon their official invitation—took place in Phnom Penh, Cambodia, on June 30, 2026. Representatives from UMBEEA attended the event.
At the invitation of His Excellency Mr. Sarath Ying (Secretary of State and Advisor to the Royal Government of Cambodia) from the Global Entrepreneurs 1% Club Myanmar in Cambodia, a delegation led by Daw Khin Chaw Su Win, Vice President of UMBEEN (The Union of Myanmar Bamar Ethnic Entrepreneurs Association), attended the opening ceremony of the Global Fortune 500 CEOs Cambodia – Asia Pacific 2026 as special guests at Morgan Tower in Phnom Penh, Cambodia.
During the ceremony, a Memorandum of Understanding (MOU) 🇲🇲🇰🇭 was signed with the objective of further enhancing cooperation in the economic, trade, investment, and business sectors between Myanmar and Cambodia.
Additionally, the delegation had the opportunity to meet and network with Mr. Vuthea Heang, President (Central Office), and the Vice President of the Cambodian Women Entrepreneurs Association (CWEA) 🇰🇭.
Both sides warmly discussed future collaborative programs, business networking opportunities, and mutually beneficial prospects for entrepreneurs of both nations 🇰🇭.
This MOU marks a significant milestone in fostering trust, partnership, and sustainable development between the business communities of Myanmar and Cambodia 🇲🇲🇰🇭, and is believed to create greater opportunities for Myanmar entrepreneurs to connect with international business networks.
Stronger Together…
UMBEEA

———————————————————————————————————————————–

UMBEEA အသင်းဝင်များမှ Asia Prestige 50 Under 50 CEO Excellence Award 2026 ဆုများ ရရှိခြင်းဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအပ်ပါသည်
Union of Myanmar Bamar Ethnic Entrepreneurs Association (UMBEEA) ၏ အသင်းဝင်များသည် ASEAN ဒေသအတွင်း ထူးချွန်သော စီးပွားရေးခေါင်းဆောင်များကို ဂုဏ်ပြုချီးမြှင့်သည့် **Asia Prestige 50 Under 50 CEO Excellence Award 2026** တွင် ဂုဏ်ယူဖွယ်ရာ ဆုများ ရရှိခဲ့ကြပါသည်။
၂၀၂၆ ခုနှစ်၊ July 3rd ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ **Shangri-La Hotel** တွင် ကျင်းပပြုလုပ်ခဲ့သော အဆိုပါ အခမ်းအနားတွင် အာရှတစ်ဝှမ်းမှ စီးပွားရေးခေါင်းဆောင်များ၊ CEO များ၊ ရင်းနှီးမြှုပ်နှံသူများ၊ သံတမန်နှင့် အစိုးရကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး စီးပွားရေးထူးချွန်မှု၊ ခေါင်းဆောင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ဂုဏ်ပြုခဲ့ကြပါသည်။

ဤအခမ်းအနားတွင် UMBEEA ၏ ဂုဏ်ယူဖွယ် အသင်းဝင်များဖြစ်ကြသော —

🏆 ဒေါ်နန်းသင်ဇာအောင်– CEO Excellence Award
🏆 ဒေါ်ယဉ်ယဉ်မြတ် – CEO Excellence Award
🏆 ဒေါ်စုလှိုင်ဝင်း – CEO Excellence Award
🏆 ဒေါ်သူဇာဝင်း – CEO Excellence Award
🏆 ဒေါ်မာလာမြင့် – CEO Excellence Award

တို့သည် CEO Excellence Award 2026 ကို အသီးသီး ရရှိခဲ့ကြပါသည်။

အဆိုပါဆုများသည် ဆုရရှိသူများ၏ ထူးချွန်သော စီးပွားရေးစီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုစွမ်းရည်၊ ဆန်းသစ်သော အတွေးအမြင်များနှင့် မြန်မာ့စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုခြင်းဖြစ်ပါသည်။

UMBEEA အနေဖြင့် အသင်းဝင်များ၏ အောင်မြင်မှုများအပေါ် အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြအပ်ပြီး၊ ယခုကဲ့သို့ နိုင်ငံတကာအဆင့် အသိအမှတ်ပြုမှုများ ရရှိခြင်းသည် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေးများကို နိုင်ငံတကာစင်မြင့်ပေါ်တွင် ဖော်ပြနိုင်ခဲ့ခြင်းဖြစ်ပါသည်။

UMBEEA သည် မြန်မာနိုင်ငံရှိ MSME များ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းရည်မြှင့်တင်ရေးနှင့် နိုင်ငံတကာစီးပွားရေးကွန်ရက်များ ချိတ်ဆက်တိုးချဲ့ရေးတို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

CEO Excellence Award 2026 ရရှိခဲ့ကြသော UMBEEA အသင်းဝင်များအားလုံးအား အထူးဂုဏ်ပြုအပ်ပါသည်။

Congratulations to all award recipients!
UMBEEA is proud of your outstanding achievements.

#UMBEEA #CEOExcellenceAward2026 #BusinessExcellence #MyanmarEntrepreneurs #MSME #Leadership #ASEAN #InternationalBusiness

Heartfelt Congratulations to UMBEEA Members on Receiving the Asia Prestige 50 Under 50 CEO Excellence Award 2026
The Union of Myanmar Bamar Ethnic Entrepreneurs Association (UMBEEA) proudly announces that its members have been honored with prestigious awards at the Asia Prestige 50 Under 50 CEO Excellence Award 2026, which celebrates outstanding business leaders across the ASEAN region.
The award ceremony was held on July 3, 2026, at the Shangri-La Hotel in Phnom Penh, Cambodia. Over 500 participants—including business leaders, CEOs, investors, diplomats, and government representatives from across Asia—gathered to celebrate excellence in business, leadership, innovation, and international cooperation.
At this grand event, our distinguished UMBEEA members received the CEO Excellence Award 2026:
🏆 Daw Nang Thinzar Aung – CEO Excellence Award
🏆 Daw Yin Yin Myat – CEO Excellence Award
🏆 Daw Su Hlaing Win – CEO Excellence Award
🏆 Daw Thu Zar Win – CEO Excellence Award
🏆 Daw Mala Myint – CEO Excellence Award
These awards recognize the recipients’ exceptional business management, leadership skills, innovative vision, and dedicated efforts toward the development of Myanmar’s business sector.
UMBEEA extends its utmost pride and congratulations on these achievements. Receiving such international recognition highlights the capability and quality of Myanmar entrepreneurs on the global stage.
UMBEEA remains committed to advancing the growth of MSMEs in Myanmar, enhancing the capacities of business entrepreneurs, and expanding international business networks.
Special congratulations to all the UMBEEA members who received the CEO Excellence Award 2026!
Congratulations to all award recipients!
UMBEEA is proud of your outstanding achievements.
#UMBEEA #CEOExcellenceAward2026 #BusinessExcellence #MyanmarEntrepreneurs #MSME #Leadership #ASEAN #InternationalBusiness

ဆက်သွယ်ရန်

(Contact Us)

လိပ်စာ / Address

အမှတ် (၁၂၄)၊ ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
No (124), Pyi Htaung Su Yeikthar Road, Dagon Township, Yangon.

ဖုန်း / Phone

+၉၅၉ ၄၀၉၄၀၂၂၆၆
+959 409402266

Email

office@umbeea.org.mm

Website

www.umbeea.org.mm

အသင်း၀င်ရန်