Activities
ကမ္ဘောဒီးယားနိုင်ငံရှိ Global Entrepreneurs 1% Club Myanmar ၏ His Excellency _ Mr. Sarath Ying _(Secretary of State and Advisor to the Royal Government of Cambodia)မှ MOU လက်မှတ်ရေးထိုးရန် ကမ်းလှမ်းမှုအရ UMBEEA (The Union of Myanmar Bamar Ethnic Entrepreneurs Association) ၏ ဒုတိယဥက္ကဌ ဒေါ်ခင်ချောစုဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အထူးဧည့်သည်တော်များအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Morgan Tower တွင် ကျင်းပပြုလုပ်သည့် Global Fortune 500 CEOs Cambodia – Asia Pacific 2026 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအတွင်း မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ 🇲🇲🇰🇭 (MOU) ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
ထို့အပြင် Mr. Vuthea Heang, President, (Central Office)နှင့် 🇰🇭 ကမ္ဘောဒီးယား အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌတို့နှင့်လည်း မိတ်ဆက်တွေ့ဆုံခွင့် ရခဲ့ပါသည်။
🇰🇭 ကမ္ဘောဒီးယား နိုင်ငံအနေဖြင့်လည်း UMBEEA နှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များ၊ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံလုပ်ငန်းရှင်များအတွက် အကျိုးရှိမည့် အခွင့်အလမ်းများကို ရင်းရင်းနှီးနှီး ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
ယခု MOU သည် 🇲🇲🇰🇭 နှစ်နိုင်ငံ စီးပွားရေးအသိုက်အဝန်းများအကြား ယုံကြည်မှု၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များအတွက် နိုင်ငံတကာစီးပွားရေးကွန်ရက်များနှင့် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ပိုမိုဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါသည်။
တွဲလက်မြဲစေ…
UMBEEA

Union of Myanmar Bamar Ethnic Entrepreneurs Association (UMBEEA) ၏ အသင်းဝင်များသည် ASEAN ဒေသအတွင်း ထူးချွန်သော စီးပွားရေးခေါင်းဆောင်များကို ဂုဏ်ပြုချီးမြှင့်သည့် **Asia Prestige 50 Under 50 CEO Excellence Award 2026** တွင် ဂုဏ်ယူဖွယ်ရာ ဆုများ ရရှိခဲ့ကြပါသည်။
၂၀၂၆ ခုနှစ်၊ July 3rd ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ **Shangri-La Hotel** တွင် ကျင်းပပြုလုပ်ခဲ့သော အဆိုပါ အခမ်းအနားတွင် အာရှတစ်ဝှမ်းမှ စီးပွားရေးခေါင်းဆောင်များ၊ CEO များ၊ ရင်းနှီးမြှုပ်နှံသူများ၊ သံတမန်နှင့် အစိုးရကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး စီးပွားရေးထူးချွန်မှု၊ ခေါင်းဆောင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ဂုဏ်ပြုခဲ့ကြပါသည်။
ဤအခမ်းအနားတွင် UMBEEA ၏ ဂုဏ်ယူဖွယ် အသင်းဝင်များဖြစ်ကြသော —
🏆 ဒေါ်နန်းသင်ဇာအောင်– CEO Excellence Award
🏆 ဒေါ်ယဉ်ယဉ်မြတ် – CEO Excellence Award
🏆 ဒေါ်စုလှိုင်ဝင်း – CEO Excellence Award
🏆 ဒေါ်သူဇာဝင်း – CEO Excellence Award
🏆 ဒေါ်မာလာမြင့် – CEO Excellence Award
တို့သည် CEO Excellence Award 2026 ကို အသီးသီး ရရှိခဲ့ကြပါသည်။
အဆိုပါဆုများသည် ဆုရရှိသူများ၏ ထူးချွန်သော စီးပွားရေးစီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုစွမ်းရည်၊ ဆန်းသစ်သော အတွေးအမြင်များနှင့် မြန်မာ့စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြုခြင်းဖြစ်ပါသည်။
UMBEEA အနေဖြင့် အသင်းဝင်များ၏ အောင်မြင်မှုများအပေါ် အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဖော်ပြအပ်ပြီး၊ ယခုကဲ့သို့ နိုင်ငံတကာအဆင့် အသိအမှတ်ပြုမှုများ ရရှိခြင်းသည် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေးများကို နိုင်ငံတကာစင်မြင့်ပေါ်တွင် ဖော်ပြနိုင်ခဲ့ခြင်းဖြစ်ပါသည်။
UMBEEA သည် မြန်မာနိုင်ငံရှိ MSME များ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းရည်မြှင့်တင်ရေးနှင့် နိုင်ငံတကာစီးပွားရေးကွန်ရက်များ ချိတ်ဆက်တိုးချဲ့ရေးတို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
CEO Excellence Award 2026 ရရှိခဲ့ကြသော UMBEEA အသင်းဝင်များအားလုံးအား အထူးဂုဏ်ပြုအပ်ပါသည်။
Congratulations to all award recipients!
UMBEEA is proud of your outstanding achievements.
#UMBEEA #CEOExcellenceAward2026 #BusinessExcellence #MyanmarEntrepreneurs #MSME #Leadership #ASEAN #InternationalBusiness
တွဲလက်မြဲစေ…
UMBEEA
The Union of Myanmar Bamar Ethnics Entrepreneurs Association (UMBEEA) held an initial coordination meeting via Zoom this morning to facilitate the listing of its members’ products on CHINA Platforms, aiming to secure a market share in China under the program “Promotion Meeting for Myanmar Products to Go Global.” The meeting was attended by the President, Vice President, CEC members, and EC members of UMBEEA.
May our partnership grow stronger…
UMBEEA

#တွဲလက်မြဲစေ
#UMBEEA
Officials from Su Shwe Nadi Trading & Consultancy (Official Representative of Messe Frankfurt / Messe Düsseldorf for Myanmar) visited and met with the UMBEEA association to discuss an upcoming seminar. The seminar will present information regarding the world’s largest listed international trade fairs, as well as the international business and market opportunities that Myanmar manufacturers and entrepreneurs can gain through these major exhibitions.
The Association’s Chairman, U Kyaw Dewa, and executive committee members welcomed and met with them today at the UMFCCI.
#StrongerTogether
#UMBEEA
🇰🇭 ကမ္ဘောဒီးယားနိုင်ငံရှိ Global Entrepreneurs 1% Club Myanmar ၏ His Excellency _ Mr. Sarath Ying _(Secretary of State and Advisor to the Royal Government of Cambodia)မှ MOU လက်မှတ်ရေးထိုးရန် ကမ်းလှမ်းမှုအရ UMBEEA (The Union of Myanmar Bamar Ethnic Entrepreneurs Association) ၏ ဒုတိယဥက္ကဌ ဒေါ်ခင်ချောစုဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အထူးဧည့်သည်တော်များအဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ Morgan Tower တွင် ကျင်းပပြုလုပ်သည့် Global Fortune 500 CEOs Cambodia – Asia Pacific 2026 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအတွင်း မြန်မာနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရန် ရည်ရွယ်သည့် နားလည်မှုစာချွန်လွှာ 🇲🇲🇰🇭 (MOU) ကို လက်မှတ်ရေးထိုးခဲ့ပါသည်။
ထို့အပြင် Mr. Vuthea Heang, President, (Central Office)နှင့် 🇰🇭 ကမ္ဘောဒီးယား အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌတို့နှင့်လည်း မိတ်ဆက်တွေ့ဆုံခွင့် ရခဲ့ပါသည်။
🇰🇭 ကမ္ဘောဒီးယား နိုင်ငံအနေဖြင့်လည်း UMBEEA နှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များ၊ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံလုပ်ငန်းရှင်များအတွက် အကျိုးရှိမည့် အခွင့်အလမ်းများကို ရင်းရင်းနှီးနှီး ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
ယခု MOU သည် 🇲🇲🇰🇭 နှစ်နိုင်ငံ စီးပွားရေးအသိုက်အဝန်းများအကြား ယုံကြည်မှု၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များအတွက် နိုင်ငံတကာစီးပွားရေးကွန်ရက်များနှင့် ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ပိုမိုဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါသည်။
တွဲလက်မြဲစေ…
UMBEEA
🇲🇲🇰🇭 Myanmar–Cambodia Economic Cooperation Strengthened
To strengthen economic cooperation between Myanmar and Cambodia, an MOU signing ceremony was held on June 30, 2026, in Phnom Penh, the capital of Cambodia, at the invitation of Cambodia’s Global Entrepreneurs 1%. Representatives from UMBEEA attended the event.
Following an invitation to sign the MOU from His Excellency Mr. Sarath Ying (Secretary of State and Advisor to the Royal Government of Cambodia) of the Global Entrepreneurs 1% Club Myanmar in Cambodia, a delegation led by Daw Khin Chaw Su Win, Vice Chairperson of UMBEEA (The Union of Myanmar Bamar Ethnic Entrepreneurs Association), attended the opening ceremony of the Global Fortune 500 CEOs Cambodia – Asia Pacific 2026 held at the Morgan Tower in Phnom Penh, Cambodia, as special guests.
During the ceremony, a Memorandum of Understanding (MOU) was signed with the aim of further enhancing cooperation in the economic, trade, investment, and business sectors between Myanmar and Cambodia. 🇲🇲🇰🇭
Additionally, the delegation had the opportunity to be introduced to and meet with Mr. Vuthea Heang, President (Central Office), as well as the Vice President of the Cambodian Women Entrepreneurs Association. 🇰🇭
The Cambodian side warmly discussed and exchanged views on future action plans for collaboration with UMBEEA, business connections, and mutually beneficial opportunities for entrepreneurs from both countries.
This MOU marks a significant step forward for trust, partnership, and long-term development between the business communities of both countries. It is believed that this will create more opportunities for Myanmar entrepreneurs to connect with international business networks.
May our partnership remain strong…
UMBEEA

June 26~28
Myanmar–China Trade & Investment Expo 2026 ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။
ကုန်စည်ပြပွဲကြီးအတွင်း မြန်မာနှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာ့အလတ်စားနှင့်အသေးစားစီးပွါးရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား အကျိုးရှိသော စီးပွားရေးချိတ်ဆက်မှုများကို ဖန်တီးနိုင်ခဲ့ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများစွာကို ဖော်ဆောင်နိုင်ခဲ့ပါသည်။
ပြခန်းရှင်များအတွက်လည်း မိတ်ဖက်အသစ်များ ရရှိခြင်း၊ ကုန်ပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ မိတ်ဆက်နိုင်ခြင်းနှင့် လုပ်ငန်းတိုးချဲ့နိုင်မည့် အခွင့်အရေးများကို ရရှိခဲ့သလို၊ လာရောက်လေ့လာသူများအတွက်လည်း စီးပွားရေးဆိုင်ရာ အတွေ့အကြုံနှင့် ဗဟုသုတများစွာကို မျှဝေပေးနိုင်ခဲ့ပါသည်။
ဤကုန်စည်ပြပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရန် အားပေးပံ့ပိုးခဲ့ကြသော စပွန်စာကုမ္ပဏီများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဆိုင်ခန်းဖွင့့်လှစ်သူများ၊ ဟောပြောပို့ချပေးသောဆရာ/ဆရာမများ၊ ဧည့်သည်တော်ကြီးများ၊ မီဒီယာများ၊ အဖက်ဖက်မှကူညီပံ့ပိုးပေးခဲ့သူများနှင့် တက်ရောက်အားပေးခဲ့ကြသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
ယခု ကုန်စည်ပြပွဲကြီးသည် မြန်မာ–တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည့် အစပြုခြေလှမ်းကောင်းတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ပါသည်။
မြန်မာနိုင်ငံတော် ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကြီးအနေဖြင့် တဦးယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ နောက်ထပ်အစီအစဉ်များတွင်လည်း မြန်မာ့အလတ်စားနှင့်အသေးစားစီးပွါးရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်စွမ်းသမျှကြိုးပမ်းနိုင်ရန် ပြန်လည်ဆုံတွေ့ကြဖို့ မျှော်လင့်လျက်…
တွဲလက်မြဲစေ
UMBEEA
The Myanmar–China Trade & Investment Expo 2026 has been successfully concluded!
During this major expo, fruitful business connections were forged between entrepreneurs, Burmese MSMEs (Micro, Small, and Medium Enterprises), organizations, and investors from both Myanmar and China, unlocking numerous opportunities for trade, investment, and future collaboration.
Exhibitors gained new partners, introduced their products to the international market, and secured opportunities for business expansion. Meanwhile, visitors were able to gain valuable business insights and knowledge.
We would like to express our deepest gratitude to the sponsoring companies, partner organizations, exhibitors, speakers, distinguished guests, media outlets, all supporting parties, and attendees who contributed to the successful hosting of this expo.
We believe this expo will serve as an excellent stepping stone toward further strengthening Myanmar–China economic cooperation.
🇲🇲🇨🇳 The United Myanmar Bamar Ethnic Entrepreneurs Association (UMBEEA) extends its heartfelt thanks to each and every individual. We look forward to meeting again in future programs to continue doing our utmost for the development and growth of Myanmar’s MSMEs…
Stronger Together,
UMBEEA






မြန်မာအမျိုးသမီးစီးပွါးရေးစွမ်းဆောင်ရှင်များအသင်း(၃၁)နှစ်ပြည့်နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ မြန်မာနိုင်ငံဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဒေဝနှင့်အထွေထွေအတွင်းရေးမှူးဒေါ်ဝိုင်းဝေဝေဝင်းတို့ဂုဏ်ပြုတက်ရောက်ချီးမြှင့်ခဲ့ပြီး(Lotte Hotel)
နှင့်၂၀၂၆ခုနှစ် မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသောရိုးရာခေတ်ဆန်း ရှေ့သို့လှမ်းယဉ်ကျေးလှပ မေမြန်မာအလှဝတ်စားဆင်ယဉ်ထုံဖွဲ့မှု့ပြပွဲသို့ မြန်မာနိုင်ငံဗမာတိုင်းရင်းသာလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးကျော်ဒေဝနှင့်အတူတွဲဘက်အတွင်းရေးမှူးများတက်ရောက်ဂုဏ်ပြုအားပေးခဲ့ပါသည်(အမျိုးသားကဇာတ်ရုံ) ၂၀.၆.၂၀၂၆
#UMBEEA
#တွဲလက်မြဲစေ UMBEEA
မြန်မာအမျိုးသမီးစီးပွါးရေးစွမ်းဆောင်ရှင်များအသင်း(၃၁)နှစ်ပြည့်နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ မြန်မာနိုင်ငံဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်ဒေဝနှင့်အထွေထွေအတွင်းရေးမှူးဒေါ်ဝိုင်းဝေဝေဝင်းတို့ဂုဏ်ပြုတက်ရောက်ချီးမြှင့်ခဲ့ပြီး(Lotte Hotel)
နှင့်၂၀၂၆ခုနှစ် မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့်ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသောရိုးရာခေတ်ဆန်း ရှေ့သို့လှမ်းယဉ်ကျေးလှပ မေမြန်မာအလှဝတ်စားဆင်ယဉ်ထုံဖွဲ့မှု့ပြပွဲသို့ မြန်မာနိုင်ငံဗမာတိုင်းရင်းသာလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးကျော်ဒေဝနှင့်အတူတွဲဘက်အတွင်းရေးမှူးများတက်ရောက်ဂုဏ်ပြုအားပေးခဲ့ပါသည်(အမျိုးသားကဇာတ်ရုံ) ၂၀.၆.၂၀၂၆
#UMBEEA
#တွဲလက်မြဲစေ UMBEEA
UMBEEA ၏ မြန်မာ လုပ်ငန်းရှင်များအတွက် ဂုဏ်ယူဖွယ်ရာ ခြေလှမ်းတစ်ခု ..
Asean Countries များကြားတွင် ပူးပေါင်းဆောင်ရွက်မှု့များအနက် Artificial Intelligence for Women Officials Seminar ကို တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်ရာတွင်…
UMBEEA အသင်းမှ အလုပ်အမှု့ဆောင် ဒေါ်နန်းကေသီဟန်နှင့်အတူ အသင်းဝင် တစ်ဦးဖြစ်သော ဒေါ်သိမ့်သရဖူဆွေ တို့ တက်ရောက်နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
တွဲလက်မြဲစေ
UMBEEA
A proud milestone for UMBEEA and Myanmar entrepreneurs!
As part of the collaborative initiatives among ASEAN countries, the Artificial Intelligence for Women Officials Seminar was successfully held in Nanning, China.
UMBEEA is delighted to have facilitated the participation of our Executive Committee member, Daw Nang Kay Thi Han, and our esteemed member, Daw Theint Tharaphu Swe, at this prestigious event.
Stronger Together,
UMBEEA

“UMBEEA အသင်းဥက္ကဌသည် မိတ်ဖက်အသင်းဖြစ်သော MAAA အသင်း၏ AGM သို့ တက်ရောက်ကာ New Term ဥက္ကဌနှင့် အဖွဲ့အား ဂုဏ်ပြုခဲ့ပါသည်။”
The Chairman of UMBEEA attended the Annual General Meeting (AGM) of our partner association, MAAA, to congratulate the elected Chairman and executive team for the new term.
တရုတ်ပြည်နန်နင်းမြို့တွင်ဖွင့်လှစ်သော
The Promotion of Standardization in International Logistic Operations for ASEAN Countries.
(25th – 29th May, 2026 )သင်တန်းသို့မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း
( UMBEEA )မှ အသင်းကိုယ်စားပြု အသင်းဝင်လေးဦးအား ပညာတော်သင်ရွေးချယ်စေလွှတ်ခဲ့ပါတယ်🇲🇲
#UMBEEA
#တွဲလက်မြဲစေ UMBEEA
Four members representing the Union of Myanmar Bamar Ethnic Entrepreneurs Association (UMBEEA) were selected and sent as scholars to attend the training course on “The Promotion of Standardization in International Logistic Operations for ASEAN Countries,” held in Nanning, China from May 25th to 29th, 2026.

PerfoMAX Business Advisory ၏ Founder & Chief Advisor တစ်ဦးဖြစ်သူ ဆရာ Than Htike Aung မှ မေလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့ ည ၇း၃၀ အချိန်တွင် UMBEEA Members များကို 4 Pillars Business Management System အကြောင်း မျှဝေမည်ဖြစ်ရာ…လုပ်ငန်ရှင်များအတွက် အောက်ပါ ခေါင်းစဥ်များကို နားလည်သိရှိမည်ဖြစ်ပါသည်။
1. Financial management
ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု
2. Operational management
လုပ်ငန်းလည်ပတ်မှုဆိုင်ရာစီမံခန့်ခွဲမှု
3. Performance management
လုပ်ငန်းစွမ်းဆောင်ရည်စီမံခန့်ခွဲမှု
4. Business risk management
လုပ်ငန်းပိုင်းဆိုင်ရာဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု
SME လုပ်ငန်းများတွက် အထက်ဖော်ပြပါ မဏ္ဍိုင် ၄ ခု သည် လုပ်ငန်းရှင်သန်ရပ်တည်ရေး၊ တိုးတက်ကြီးထွားလာရေးအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပါသည်ကို အသေးစိတ်ရှင်းလင်းသင်ကြားပေးခဲ့သည်။
တွဲလက်မြဲစေ…
UMBEEA
Sayar Than Htike Aung, Founder & Chief Advisor of PerfoMAX Business Advisory, will be sharing insights on the 4 Pillars Business Management System with UMBEEA members on May 23rd and 24th at 7:30 PM.
Business owners will gain an understanding of the following topics:
1 Financial Management
2 Operational Management
3 Performance Management
4 Business Risk Management
For SMEs, these 4 pillars are essential requirements for business survival and growth, and they were taught and explained in detail.
Stronger together… (May our hands remain firmly joined…)
UMBEEA

May 5th, 2026
မြန်မာနိုင်ငံ၊ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ အလုပ်အမှု့ဆောင်အစည်းအဝေးကို (စုံ/မ စနစ်အကန့်အသတ်ကာလတွင်) အဆင်ပြေလွယ်ကူစေရန်အလို့ငှာ (မေလ ၃ ရက်) နေ့က ZOOM ဖြင့်ကျင်းပရာ အလုပ်အမှုဆောင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
တွဲလက်မြဲစေ
UMBEEA
For greater convenience (during the even/odd vehicle registration day restriction period), the Executive Committee meeting of the Myanmar Bamar Ethnic Entrepreneurs Association (UMBEEA) was held via ZOOM on May 3rd. Executive Committee members attended and participated in the discussions.
Let’s keep our hands firmly joined.
UMBEEA
Myanmar 🇲🇲 ~ China 🇨🇳 Trade & Investment Fair အတွက် UMBEEA မှ ကျင်းပနိုင်ရေး အတွက် ဥက္ကဌ၊ ကော်မတီ ဒုဥက္ကဌ၊ ပြပွဲကျင်းပရေးကော်မတီအတွင်းရေးမှူးတို့ ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်
#တွဲလက်မြဲစေ
umbeea
For the organizing of the Myanmar 🇲🇲 ~ China 🇨🇳 Trade & Investment Fair, the Chairman, Committee Vice-Chairman, and Exhibition Organizing Committee Secretary from UMBEEA participated and took part.
#LetsKeepOurHandsFirmlyJoined
UMBEEA
UMBEEA အသင်းသူအသင်းသားများရဲ့ သင်္ကြန်ပွဲတော်ကို ဖျော်ဖြေမှုများ၊ လက်ဆောင်မဲဖေါက်ပေးခြင်းများ၊ စတုဒီသာများဖြင့်စည်စည်ကားကားကျင်းပခဲ့ပါတယ်။
The Thingyan Festival for UMBEEA members was grandly celebrated with entertainment, lucky draw prizes, and complimentary food donations (Satuditha).

မြန်မာနိုင်ငံ၊ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ အလုပ်အမှု့ဆောင်အစည်းအဝေးကို UMFCCI တွင် ကျင်းပခဲ့ပါသည်။
(အချို့ အလုပ်အမှု့ဆောင်များ ပြန်ပြီးမှ ဓါတ်ပုံမှတ်တမ်းရယူဖြစ်သဖြင့် ခွင့်ပြု နားလည်ပေးပါရှင့်)
တွဲလက်မြဲစေ
UMBEEA🇲🇲
The Executive Committee meeting of the Myanmar Bamar Ethnic Entrepreneurs Association (UMBEEA) was held at the UMFCCI.
Let’s keep our hands firmly joined.
UMBEEA 🇲🇲
March 17th, 2026
မတ်လ (၁၇)နေ့တွင် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း UMBEEA မှ ဥက္ကဌဦးဆောင်သော အလုပ်အမှုဆောင်အဖွဲ့သည် PiU College ၏ ဖိတ်ကြားမှု့ဖြင့် ကျောင်းတည်ရှိရာ လှိုင်မြို့နယ်သို့ သွားရောက်ခဲ့ရာ ကျောင်းမှပါမောက္ခဆရာကြီးများနှင့် တာဝန်ရှိသူများမှ နွေးထွေးပျူငှာစွာ ကြိုဆိုဧည့်ခံကြပါသည်။
ထို့နောက် UMBEEA အသင်း၏ ၅-နှစ်တာ ဆောင်ရွက်နိုင်ခဲ့သည်များကို မိတ်ဆက်ပြောကြားပြီး PiU မှလည်း UMBEEA အသင်း၏ MSMEs များအတွက် အချိန်တိုအတွင်း ထိရောက်မြန်ဆန်စွာ လေ့လာနိုင်သော ပြင်သစ်နိုင်ငံ(IDRAC Business School (FIGS) France)မှ MBA Program ကိုရှင်းလင်းမိတ်ဆက်ပြောကြားပြီး MBA မှ တဆင့် Ph.D အထိ ပြင်သစ်မှ ဆက်လက်သင်ယူနိုင်ကြောင်း သိရှိလေ့လာခဲ့ရပါသည်။
၎င်းအပြင် UMBEEA အသင်းဝင်များ၏ သားသမီးများအတွက်လည်း BBA Program ကို Special Scholarship လျှောက်ထားနိုင်မည့်အကြောင်းအရာများရှိကြောင်းကိုပါ လေ့လာသိရှိခဲ့ရပါသည်။
တွဲလက်မြဲစေ
UMBEEA
On March 17, an executive committee delegation led by the Chairman of the Myanmar Bamar Ethnic Entrepreneurs Association (UMBEEA) visited the PiU College campus in Hlaing Township upon their invitation. They were warmly and hospitably welcomed by the college’s professors and officials.
During the visit, UMBEEA introduced and shared the achievements the association has made over the past five years. In turn, PiU presented an MBA program from IDRAC Business School (FIGS) France, designed for UMBEEA’s MSME members to study efficiently and effectively within a short timeframe. It was also learned that students can further pursue their education from this MBA program up to a Ph.D. level from France.
Additionally, information was gathered regarding special scholarship application opportunities for the BBA program, available for the children of UMBEEA members.
et’s keep our hands firmly joined.
UMBEEA

မတ်လ ၁၃ ရက်နေ့ တွင် မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း UMBEEA နှင့် လာရောက်တွေ့ဆုံသော Taiwan Trade Center (TAITRA), Yangon Branch မှ တာဝန်ခံ Director Mr. Tom Chin နှင့်အဖွဲ့က ၎င်းတို့၏ ၂၀၂၆ တစ်နှစ်တာအတွက် TAITRA TRADE SHOWS Program များမှ April လတွင် ကျင်းပမည့် Taipei International Automobile Electronics Show, June လတွင်ကျင်းပမည့် COMPUTEX TAIPEI နှင့် FOODTECH TAIPEI, MSMEs များအတွက် လာရောက်လေ့လာသင့်သော Sept လတွင် ကျင်းပမည့် Taiwan Innotech Expo, Oct လတွင်ကျင်းပမည့် Taipei Int’l Electronics Show နှင့် KAOHSIUNG FOOD SHOW တို့ကို ဖိတ်ခေါ်ပြီး အသင်းမှ ပါဝင်တက်ရောက်သူများအတွက် ပြပွဲကာလအတွင်း Hotel အခမဲ့တည်းခိုနေထိုင်ရေးကို သတ်မှတ်ချက်များနှင့်ပြည့်စုံပါက လျှောက်ထားပေးနိုင်ကြောင်း သိရှိရသည်။
ထို့ပြင် UMBEEA အသင်းမှ ထိုင်ဝမ်သို့ သွားရောက်လေ့လာမည့်သူ စုစုပေါင်း (၁၀)နှင့်အထက်ရှိပါက Hotel တည်းခိုနေထိုင်ရေးကို ၄င်းတို့ သတ်မှတ်ပေးမည့် နေ့ရက်များအတွက် အခမဲ့စီစဥ်ပေးနိုင်ကြောင်း ရှင်းပြခဲ့ပါသည်။
ထိုင်ဝမ်မှ မည်သည့် စက်ပစ္စည်း/ကုန်ကြမ်း/နည်းပညာ စသည်တို့ကို မြန်မာ့ MSMEs များအတွက်လိုအပ်ပါက မည်သို့မည်ပုံ ချိတ်ဆက်မှာယူနိုင်မည့် လမ်းစဥ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ပါသည်။
တွဲလက်မြဲစေ
UMBEEA
On March 13, Director Mr. Tom Chin and his team from the Taiwan Trade Center (TAITRA), Yangon Branch, visited and met with the Myanmar Bamar Ethnic Entrepreneurs Association (UMBEEA).
During the meeting, they extended invitations to their TAITRA TRADE SHOWS Programs scheduled throughout 2026. These include:
April: Taipei International Automobile Electronics Show
June: COMPUTEX TAIPEI and FOODTECH TAIPEI
September: Taiwan Innotech Expo (highly recommended for MSMEs to visit)
October: Taipei Int’l Electronics Show and KAOHSIUNG FOOD SHOW
It was noted that if participating members from the association meet the specified criteria, applications can be submitted for complimentary hotel accommodation during the exhibition periods.
Furthermore, they explained that if a delegation of ten (10) or more individuals from the UMBEEA association visits Taiwan, complimentary hotel accommodation can be arranged for dates specified by them.
They also engaged in a warm and friendly discussion on the procedures and channels for Myanmar MSMEs to source and connect with any machinery, raw materials, or technology needed from Taiwan.
Let’s keep our hands firmly joined.
UMBEEA

မတ်လ ၁၂ ရက်နေ့ တွင် Myanmar-China Trade and Investment EXPO 2026 ကျင်းပရန် အကြိုညှိနှိုင်းအစည်းအဝေးကို မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် တာဝန်ခံကိုယ်စားလှယ် ဖြစ်သော Mr. Soh Keng Khoon တို့ တက်ရောက်ဆွေးနွေးခဲ့ကြရာ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဥ်များဆောင်ရွက်နိုင်ရေးအတွက်လည်း ပါဝင်ကြောင်းသိရသည်။
တွဲလက်မြဲစေ
UMBEEA
On March 12, a preparatory coordination meeting for the upcoming Myanmar-China Trade and Investment EXPO 2026 was held. The meeting was attended and discussed by the Myanmar Bamar Ethnic Entrepreneurs Association (UMBEEA) and the responsible representative, Mr. Soh Keng Khoon. It is learned that the discussions also included plans to implement future collaborative processes.
Let’s keep our hands firmly joined.
UMBEEA

တွဲလက်မြဲစေ…
UMBEEA
The Myanmar Bamar Ethnic Entrepreneurs Association (UMBEEA) proudly announces that one of its members, Bilat Pyan Cotton House (ဘိလပ်ပြန်ချည်ထည်တိုက်), received the “ASIA BEST CHOICE SME” award presented by the Global Entrepreneur 1% Club. The award was accepted in person at the “ASIA SME 100 Business Excellence Summit & Award 2026” held on January 22, 2026, at the Sun & Moon Hotel in Phnom Penh, Cambodia.
Let’s keep our hands firmly joined…
UMBEEA
မြန်မာနိုင်ငံ၊ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးဆောင်သော အဖွဲ့သည် ၇-၃-၂၀၂၆ နေ့က တက်ရောက်ခဲ့ပါသည်။
တွဲလက်မြဲစေ
UMBEEA
A delegation led by the Chairman of the Myanmar Bamar Ethnic Entrepreneurs Association (UMBEEA) attended the International Women’s Day 2026 celebration on March 7, 2026. The event was held at the Sedona Hotel and led by the Myanmar Women Entrepreneurs Network (MYANWEN).
Let’s keep our hands firmly joined.
UMBEEA

တွဲလက်မြဲစေ
UMBEEA
The Myanmar Bamar Ethnic Entrepreneurs Association (UMBEEA) attended and honored the MOU Signing Ceremony & Networking Event hosted by its partner association, MYEA (Myanmar Young Entrepreneurs Association), at the Chatrium Hotel.
Let’s keep our hands firmly joined.
UMBEEA

ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့လက်ဖက်ပွဲတော် “လက်ဖက်စကားဝိုင်း”
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နှင့် မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တို့ ပူးပေါင်းကျင်းပသည့် အခမ်းအနားသို့ မြန်မာနိုင်ငံဗမာတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း [UMBEEA ]မှ ပူးပေါင်းပါဝင်တက်ရောက်ခဲ့ ပါသည်။
In Commemoration of Union Day Myanmar Tea Festival: “Tea Roundtable Discussion”
The Myanmar Bamar Ethnic Entrepreneurs Association (UMBEEA) participated and attended the ceremony jointly organized by the Association for the Conservation of Myanmar Cultural Heritage and the Myanmar Tea Planters, Producers, and Exporters Association.

UMBEEA အသင်းဝင်များစွာအတွက်
တွဲလက်မြဲစေ
UMBEEA
Record of the regular Executive Committee meeting of the Myanmar Bamar Ethnic Entrepreneurs Association (UMBEEA), held at the Ministry of Ethnic Affairs (Yangon Branch)…
Let’s keep our hands firmly joined for the many members of UMBEEA.
UMBEEA
Training Course on Dissemination and Education of Community First Aid Knowledge for ASEAN Countries Program
မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၏ နိုင်ငံခြားပညာတော်သင် ခရီးစဉ်အနေဖြင့် တရုတ်နိုင်ငံသို့ အသင်းသားများကို စေလွှတ်ပညာတော်သင်စေခဲ့ပါသည်။ Training Course on Dissemination and Education of Community First Aid Knowledge for ASEAN Countries Program တွင် ဦးရဲရင့်မှူး နှင့် ဒေါ်ရွှေရည်ဖြိုး တို့မှ တက်ရောက်သင်ကြားလေ့လာခွင့်ရရှိခဲ့ပါသည်။ ၎င်းသင်တန်းကို Sponsor အဖြစ် Ministry of Commerce of the People’s Republic of China မှ တာဝန်ယူကာ Organizer အဖြစ် Guangxi International Business Vocational College မှ ဦးဆောင်၍ ပညာရပ်များကို လေ့လာစေခဲ့ပါသည်။ Training Course on Dissemination and Education of Community First Aid Knowledge for ASEAN Countries Program ကို ဇွန်လ ၄ ရက် ၂၀၂၅ မှ ဇွန်လ ၁၈ ရက် ၂၀၂၅ အထိ လေ့လာရေးခရီးစဉ်များ၊ စာတွေ့လက်တွေ့များ ကို အာဆီယံနိုင်ငံများဖြစ်သော မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယား နှင့် လာအို နိုင်ငံတို့မှ ပညာတော်သင်ကျောင်းသား/ကျောင်းသူပေါင်း (၂၉) ဦးတို့ အတူတကွ လေ့လာစည်းပူးခဲ့ကြပါသည်။ မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များဖြစ်ကြသော ဦးရဲရင့်မှူး နှင့် ဒေါ်ရွှေရည်ဖြိုး တို့မှာလည်း ၎င်းသင်တန်းအား အောင်မြင်ပြီးမြှောက်စွာ တက်ရောက်လေ့လာခဲ့ကြပါသည်။


21-22-23 June 2025
(@ ERAVATI Sule Grand Yangon 5-star hotel)
တွင် STP Event Management Team က ကျင်းပမည့် Pride of Myanmar Products & Global Connection Business Forum ၌ အသင်းအနေဖြင့် ပူးပေါင်းပါ၀င်ပြသရန်အတွက် ဆွေးနွေးညှိနှိုင်းနေစဥ်။

“An Informal Discussion Over Tea” ကျင်းပသောအခမ်းအနားတွင် အသင်း၀င်တစ်ဦး၏ ရွှေဇေယျာ Green Tea ကို မိတ်ဆက်တင်ပြရှင်းလင်းခွင့်ရရှိခဲ့ပါသည်။ လာမည့် AGM သို့တက်ရောက်ကြမည့် ဧည့်သည်များ၊ အမှုဆောင်များနှင့် အသင်း၀င်များအား အသင်း Logo တံဆိပ်ပါသော ၄င်း Green Tea Box များ လက်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် … ငလျင်ဘေးသင့်ပြည်သူပြည်သားများအတွက် တစ်မိနစ် ငြိမ်သက်စွာ ဆုတောင်းမေတ္တာများလည်း ပို့ခဲ့ကြပါတယ်


Day 2, 18-5-2025 နေ့….
5S & Kai Zen ကို လက်တွေ့ Activities များ… Case Study များစွာဖြင့် သင်ယူလေ့လာစေပြီး…
မိမိလုပ်ငန်းအတွက် Concept ကို တခါတည်း ထိမိအောင် တွေးတတ်အောင်
Myanmar AOTS ဥက္ကဌကြီးကိုယ်တိုင် သင်ကြားပြသပေးရာ…
သင်တန်းသားများမှ မပျင်းမရိ ပျော်ရွှင်စွာဖြင့် သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ကြပြီး…
သင်တန်းဆင်း လက်မှတ်များလည်း ပေးအပ်ခဲ့ပါသည်။

Day 1, 17/5/2025
5S & Kaizen Workshop, Activities ကို တက်ရောက်ကြသူအားလုံးက စိတ်ဝင်တစား မိမိတို့ Group အလိုက် ဆွေးနွေးလို့ အကောင်းဆုံး တင်ပြနိုင်ခဲ့ကြလို့ ..
သင်ကြားရတဲ့ ဆရာမလည်း ပီတိတွေနဲ့….
တစ်ကယ်တော့ တန်ဖိုးရှိလှတဲ့ 5S & Kaizen. Workshop ဟာ ဘယ်သူမဆို လူတိုင်း သိထားသင့်တဲ့ ရတနာသိုက်တစ်ခုပဲ….
UMBEEA အသင်းကြီး၏ အသင်းသားရေးရာနဲ့ အသင်းသားဖွံဖြိုးတိုးတက်ရေးကော်မတီမှကြီးမှူး၍ Myanmar AOTS Alumni အသင်းနှင့် ပူးပေါင်းဆောင်ရွက်သော အသင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်အရ… နေရာတိုင်း, လုပ်ငန်းတိုင်းအတွက် အကျိုးရှိစေသော Japan နိုင်ငံ၏နာမည်ကြီး 5S & Kaizen Workshop



မြန်မာနိုင်ငံ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း (UMBEEA)
Young Entrepreneur Network Development Association(YEND Myanmar)
မြန်မာ့ယဥ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) တို့မှ ပူးပေါင်းဆောင်ရွက်ရန်စီစဉ်ခဲ့ပါသည်။


INTERNATIONAL WOMEN’S DAY 2025 UMBEEA ၏ဥက္ကဋ္ဌ ဦးကျော်ဒေဝ ၊ ဒုတိယဥက္ကဋ္ဌ ဦးကိုကိုမောင်၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသော ဒေါ်သော်တာလင်း၊ ဒေါ်ပန်းအိဝင်း နှင့် အလုပ်အမှုဆောင် ဒေါ်သိင်္ဂီဌေးတို့တက်ရောက်အားပေးခဲ့ပါသည်။


Member Affair & Development ကော်မတီမှ ကြီးမှူးကာ….
MSMEs လုပ်ငန်းရှင်များအား သိသင့်သိထိုက်သော အခွန်အခများ(Law & Taxation for MSMEs Owners)ကိုအခွန်ဥပဒေဖြင့် ချိတ်ဆက်ကာ Case Studyများစွာဖြင့်လေ့လာမှတ်သားခွင့်ရတာဟာ…အားလုံးအတွက် တန်ဖိုး မဖြတ်နိုင်သောရတနာရွှေအိုးကြီးကိုပိုက်မိတာပါပဲ…
အသင်း၏ Member များကို သင်တန်းကြေး အခမဲ့ ဖြင့် (၂၀-ဦး), Member မဟုတ်သူများ (၄၀-ဦး) တက်ရောက်သင်ယူခွင့်ရခဲ့ပါတယ်…

မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း နှင့် Indonesia Business Development & Advisory Board တို့မှကြီးမှူး၍ မြန်မာနှင့် အင်ဒိုနီးရှား လုပ်ငန်းရှင်များ တွေ့ဆုညှိနှိုင်းဆွေးနွေးပွဲကို ကမ္ဘာအေးဘုရားလမ်းရှိ Areca ဟိုတယ်တွင် ၂၆.၂.၂၀၂၅ ကကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဖက်မှ
– Mandalay Coffee Group Co.,Ltd
– Mya Pon Na Mar Trading Co.,Ltd
– Shwe Zayar Tea Leaves
– New A1 Family Co., Ltd
– Saw Bwa Coffee Co.,Ltd
– Shwe Pyi Soe Fried Onion and Pickled Tea နှင့် အင်ဒိုနီးရှားနိုင်ငံဖက်မှ
– Indonesia Farmers’ Association West Java
လုပ်ငန်းရှင်များမှ မိမိတို့၏ ထုတ်ကုန်များနှင့် ပတ်သတ်ပြီး အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။

( UMBEEA ) နှင့် Indonesia Business Development & Advisory Board တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ကမ္ဘာအေးဘုရားလမ်းရှိ Areca Hotel တွင်ယနေ့ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရည်ရွယ်ချက်များမှာ မြန်မာ-အင်ဒို နှစ်နိုင်ငံ အကျိုးတူပူးပေါင်းလုပ်ဆောင်ကြမယ့် အနာဂါတ်လုပ်ငန်းစဉ်များအား သေချာအောင် အုတ်မြစ်ချခြင်း နှင့် မြန်မာနိုင်ငံမှ ကုန်ကြမ်းများကို တိုက်ရိုက်တင်ပို့နိုင်ပြီး မြန်မာကုန်သည် နှင့် တောင်သူများ ပိုမို အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။
အင်ဒိုနီးရှားနိုင်ငံဖက်မှလည်း လုပ်ငန်းရှင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။


ဒီအခွင့်လမ်းလေးရဖို့ (၁) application form လေးဖြည့်ပေးပါရှင်
(၂) ရွေးချယ်ခံရတဲ့ မြန်မာ့စီးပွါးရေးလုပ်ငန်းရှင်များကို (၂၂-၂-၂၅) ရက်နေ့မှာ ကိုယ့်လုပ်ငန်းကို ဘယ်လောက်ကြိုးစားထားလဲဆိုတာ Pre-meeting ပြုလုပ်ပြီး တင်ပြဆွေးနွေးပေးဖို့ ပြန်လည်အကြောင်းကြားပါမည်။
ဒီနှစ်ချက်ပြည့်စုံတဲ့ မြန်မာ့စီးပွါးရေး လုပ်ငန်းရှင်များကိုသာ ရွေးချယ်တွေ့ဆုံပါမည်ရှင်။
(၂၅-၂-၂၅) နေ့တွင်ကျင်းပ ပြုလုပ်မည့် ပွဲတွင် နေ့လည်စာနှင့်ဧည့်ခံပြီး Indonesia 🇮🇩 နိုင်ငံမှ အောင်မြင်သော စီးပွါးရေးစက်ရုံပိုင်ရှင်များနှင့် တွေ့ဆုံပြီး တိုးတက်မှု့အခွင့်လမ်းကောင်းရရှိပါမည်။
မည်သည့်အဖိုးခမှ ပေးစရာမလိုပါ
ဆက်သွယ်ရန်
(Contact Us)
လိပ်စာ / Address
အမှတ် (၁၂၄)၊ ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
No (124), Pyi Htaung Su Yeikthar Road, Dagon Township, Yangon.
ဖုန်း / Phone
+၉၅၉ ၄၀၉၄၀၂၂၆၆
+959 409402266
office@umbeea.org.mm
Website
www.umbeea.org.mm
အသင်း၀င်ရန်