မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း
(Union of Myanmar Bamar Ethnic Entrepreneurs Association)
အသင်း၏ရည်ရွယ်ချက်
(က) ဗမာတိုင်းရင်းသား နှင့် သွေးချင်းတိုင်းရင်းသား လုပ်ငန်းရှင်များ အနေဖြင့် လက်ရှိ ရှိပြီးဖြစ်သော စီးပွားရေးလုပ်ငန်းများ ပိုမိုအားကောင်းလာပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်။
(a) To strengthen existing businesses owned by Bamar and kindred ethnic entrepreneurs and to ensure their sustainable development and growth.
အသင်း၏လုပ်ငန်းတာဝန်များ
(The Duties of The Organisation)
(a) Implementing the objectives of the Association
အသင်း၏ဆောင်ရွက်ချက်များ
(The Activities of The Organisation )
မြန်မာ–ကမ္ဘောဒီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ Global Entrepreneurs 1% ၏ ဖိတ်ကြားချက်အရ UMBEEA အသင်းကြီး နှင့် MOU လက်မှတ်ရေးထိုးသည့် အခမ်းအနားကို 30-6-2026 နေ့က ကမ္ဘောဒီးယားနိုင်ငံ၊ မြို့တော် ဖနွမ်းပင်တွင် ကျင်းပပြုလုပ်ရာ UMBEEA ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အသင်း၏ဆောင်ရွက်ချက်များ
(The Activities of The Organisation )
အစည်းအဝေးတွင် အသင်းဥက္ကဌ ဦးကျော်ဒေဝ မှ အသင်းကြီး၏ အနာဂါတ်အတွက် လုပ်ဆောင်စရာရှိသည်များ၊ အမှုဆောင်များအားလုံးအနေဖြင့် သိရှိလိုက်နာရမည့်စည်းကမ်းချက်များ သတ်မှတ်ရန် အမှုဆောင်များနှင့် အတူတကွ ညှိနှိုင်းချမှတ်ဆောင်ရွက်ခဲ့ပြီး၊ အသင်းကြီး၏ အနာဂါတ်လုပ်ငန်းစဉ်များအတွက် အမှုဆောင် အသီးသီးမှ တာဝန်ယူရန် ကော်မတီများဖွဲ့စည်းခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာကြပါသော ဗဟိုအလုပ်အမှုဆောင် နှင့် အလုပ်အမှုဆောင်များ မှလည်း အပြုသဘောဆောင်သည့် အကြံပြုခြင်း၊ ဆွေးနွေးခြင်း၊ ထောက်ခံခြင်းများကို ပြုလုပ်ခဲ့ပါသည်။
ဆက်သွယ်ရန်
(Contact Us)
လိပ်စာ / Address
အမှတ် (၁၂၄)၊ ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
No (124), Pyi Htaung Su Yeikthar Road, Dagon Township, Yangon.
ဖုန်း / Phone
+၉၅၉ ၄၀၉၄၀၂၂၆၆
+959 409402266
office@umbeea.org.mm
Website
www.umbeea.org.mm
အသင်း၀င်ရန်