Membership
မြန်မာနိုင်ငံ_ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှဖိတ်ခေါ်ပါတယ်…
ဗမာတိုင်းရင်းသားလုပ်ငန်းရှင်အသင်းဝင်ချင်လို့…
အသင်းဘယ်လိုဝင်ရမလဲ…
မေးလာကြတဲ့ ဒီအသံလေးတွေ…
ကျေးဇူးတင်ဝမ်းမြောက်ရပါတယ်…
ကျွန်မတို့ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းဝင်မယ်ဆိုရင်….
(မိမိမှာ လုပ်ငန်းလိုင်စင် တစ်ခုခုကတော့ ရှိရပါမယ်…)
အသင်းဝင်လို့ရတဲ့နည်း (၂-နည်း)ရှိပါတယ်။
၁။ မိမိမှတ်ပုံတင်မှာ “ဗမာ”ဆိုတာ ပါရင်…
တင်းပြည့် အသင်းသား Ordinary Member အဖြစ် လျှောက်ထားလို့ ရပါတယ်။
Ordinary Member အဖြစ် သက်တမ်း ၁-နှစ်ပြည့်ရင် EC အဖြစ်လည်းကောင်း၊ EC သက်တမ်း တစ်နှစ်ပြည့်ရင် CEC အဖြစ်လည်းကောင်း…
အရွေးကောက်ခံခွင့်၊ မဲပေးခွင့် စေသာ အခွင့်အရေးများ ရရှိမှာဖြစ်ပါတယ်…
၂၀၂၅ ဇန္နဝါရီလမှစ၍ တစ်ကြိမ်တည်းဖြင့် ရာသက်ပန်အသင်းဝင်ကြေး (၂၀၀,၀၀၀/- ကျပ်) နှစ်သိန်းကျပ်
Smart Card+ရင်ထိုးဖိုး သီးခြား မကောက်ခံပါ။
၂။ မိမိမှတ်ပုံတင်မှာ “ဗမာ”ဆိုတာ မပါသော်ငြား တိုင်းရင်းသားဖြစ်နေမယ်ဆိုရင်လည်း အသင်းဝင်အဖြစ် လျှောက်ထားခွင့်ရှိပါတယ်…
မိတ်ဖက်အသင်းသား Associate Member ဖြစ်ခွင့်ရှိပါတယ်။
AssociateMember များသည် EC, CEC အဖြစ်ရွေးချယ်ခံခွင့်၊ မဲပေးခွင့် စတဲ့ အခွင့်အရေး (၂-ခု)မှလွဲ၍ တင်းပြည့်အသင်းသားများနှင့် တန်းတူအခွင့်အရေးအားလုံး အပြည့်အဝ ရရှိမှာဖြစ်ပါတယ်…
၂၀၂၅ ဇန္နဝါရီလမှစ၍ တစ်ကြိမ်တည်းဖြင့် ရာသက်ပန်အသင်းဝင်ကြေး (၁၈၀,၀၀၀/- ကျပ်) တစ်သိန်းရှစ်သောင်း ကျပ်
Smart Card+ရင်ထိုးဖိုး သီးခြား မကောက်ခံပါ။
အသင်းဝင်ရန် Google form ဖြည့်မည်ဆိုပါက…
မိမိ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင် ရှေ့/နောက်၊ မိမိလိုင်စင်ဓာတ်ပုံ စသည်တို့ကို၏ ကြိုတင်ဓါတ်ပုံရိုက်၍ soft copy အရင် ယူပြီးမှ form ဖြည့်ပါရှင်…🙏
အသင်းဝင်သစ်များအတွက်…
Google Form Link လေးပါရှင့်…
တိုင်းရင်းသားအားလုံးကို ချစ်ခင်လေးစားလျှက်…
တွဲလက်မြဲစေ
UMBEEA
အသင်း၀င်ရန်
ဆက်သွယ်ရန်
(Contact Us)
လိပ်စာ / Address
အမှတ် (၁၂၄)၊ ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
No (124), Pyi Htaung Su Yeikthar Road, Dagon Township, Yangon.
ဖုန်း / Phone
+၉၅၉ ၄၀၉၄၀၂၂၆၆
+959 409402266
office@umbeea.org.mm
Website
www.umbeea.org.mm
အသင်း၀င်ရန်