The Duties of The Organisation
အသင်း၏လုပ်ငန်းတာဝန်များ
(က) အသင်း၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း
(ခ) “စီးပွါးရေး ကျင့်ဝတ်သိက္ခာကောင်းများနှင့်ပြည့်စုံပြီး အဆင့်မြင့်သော စီးပွါးရေးလုပ်ငန်းများဖြစ်ထွန်းစေရန်” ပူးပေါင်းဆောင်ရွက်ခြင်း
(ဂ) နိုင်ငံတော် ခေါတ်မီဖွံ့ဖြိုးတိုးတက်စေရေးအကောင်အထည်ဖော်ရာတွင် နိုင်ငံတော်အစိုးရသို့ လိုအပ်သော အကြံဥာဏ် ကောင်းများပေးခြင်း
(ဃ) နိုင်ငံ၏ ထုတ်ကုန်အမယ်သစ်များ ပေါ်ပေါက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်း
(င) နိုင်ငံတော်၏ စီးပွါးရေးဖြစ်ထွန်းစေရန် လိုအပ်သောသွင်းအားစုများ ရရှိရေးအတွက်ပူးပေါင်းဆောင်ရွက်ခြင်း
(စ) ပြည်ပပို့ကုန် တိုးချဲ့တင်ပို့ရေးလုပ်ငန်းများတွင် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍ ပီပြင်လာစေခြင်း
(ဆ) အသင်းသားများ ပြည်တွင်းပြည်ပကုန်စည်ပြပွဲများတွင် ပါဝင်နိုင်ရန် စည်းရုံးကူညီဆောင်ရွက်ပေးခြင်းနှင့် ဦးဆောင်ပါဝင်ပြသခြင်း
(ဇ) စီးပွါးရေး အသိအမြင် ဗဟုသုတများရန် ပြည်တွင်းပြည်ပ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများကို အသင်းသားများ ပါဝင်တက်ရောက်စေခြင်း
(ဈ) ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ စီးပွါးရေးအဖွဲ့အစည်းများကို ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ခြင်း
ဆက်သွယ်ရန်
(Contact Us)
လိပ်စာ / Address
အမှတ် (၁၂၄)၊ ပြည်ထောင်စုရိပ်သာလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
No (124), Pyi Htaung Su Yeikthar Road, Dagon Township, Yangon.
ဖုန်း / Phone
+၉၅၉ ၄၀၉၄၀၂၂၆၆
+959 409402266
office@umbeea.org.mm
Website
www.umbeea.org.mm
အသင်း၀င်ရန်